Corporate Vs Startup

Create By:Admin  created on:28-07-2020

Corporate တွေဟာ နာမည်ရှိပြီးသား လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဘယ်နေရာကိုပဲ ရောက်ရောက် Company နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနိုင်ပြီး အများကြားမှာလဲ မျက်နှာပန်းလှပါတယ်။Corporate company တွေရဲ့ ရာထူးတွေဟာ ရိုးရှင်းပါတယ်။အကယ်၍ သင်ဟာ Sales ဌာနမှာဆိုရင် သင့်ရဲ့ တာဝန်က ရောင်းဖို့်ပါပဲ။Customer Service ဌာနဆိုရင် ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြေရှင်း ပေးရုံပါပဲ။အဲ့တာကြောင့် သင်ဟာ ဘယ်ဌာနမှာ လုပ်ချင်လဲ ဆိုတာကို သိရင် အခြားသော အလုပ်တာဝန်တွေကို အာရုံစိုက်စရာ မလိုပဲ ကိုယ် တာဝန်နဲ့ကိုယ် လုပ်စရာရှိတာလုပ်ပြီး ဘဝတိုးတက်ဖို့ လုပ်နိုင်ပါတယ်။Corporate တွေမှာ တစ်စုံတစ်ရာ ပြဿနာ ပေါ် ပေါက်လာရင် ဖြေရှင်းပေးမယ့်သူက အဆင်သင့်ရှိကြပါတယ်။ဥပမာ ရုံးက Computer တစ်ခုခုဖြစ်တဲ့အခါမှာ ပြန်လည် ပြင်ပေးမယ့် IT ဌာန ရှိပါတယ်။အဲ့တာကြောင့် ကိုယ့် ဌာနက မဟုတ်တဲ့ ပြဿနာကို စေတနာကြီးပြီး သွား ကူညီပေးချင်တာဟာ ကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ပါဘူး။Corporate company ကြီးတွေဟာ Start-up တွေထက်စာရင် ပိုပြီး ဝင်ငွေ ကောင်းကြပါတယ်။သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေးတွေ၊ ဝန်ထမ်းတွေအတွက် ခံစားခွင့် တွေကို အများကြီး ပေးကြပါတယ်။Company ကြီးတွေက လစာအများကြီးလည်း ပေးနိုင်ကြပါတယ်။ New Day Jobs ဆိုတာ အလုပ်အကိုင်ပေါင်းများစွာ တစ်နေရာတည်းမှာ ရှာဖွေ တွေ့နိုင်တဲ့ အလုပ်အကိုင် website ဖြစ်ပါတယ်။အလုပ်အကိုင်များ လျှောက်ချင်တယ်ဆိုရင်တော့ New Day Jobs မှတဆင့် ရှာဖွေနိုင်ပါတယ်။ Corporate company မှာ လုပ်ခြင်းအားဖြင့် စိတ်ပျက်စရာအဖြစ်ရဆုံး အချက်ကတော့ လုပ်ပိုင်ခွင့် မရတာပဲ ဖြစ်ပါတယ်။ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ချင်တဲ့သူတစ်ယောက်အတွက် company ရဲ့ အခြားဝန်ထမ်းတွေနဲ့ လုပ်ငန်းတာဝန်တွေ ခွဲလုပ်ရတဲ့အခါ မကျေနပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။များသောအားဖြင့် corporate company တွေက မစွန့်စားရဲ့ကြပါဘူး။သင့်မှာ လုပ်ငန်းဝင်ငွေကို ၂၀ ရာခိုင်နှုန်း တိုးလာစေမည့် စိတ်ကူးရှိရင်တောင် စွန့်စားရမယ် ဆိုရင် သင့် သူဌေးက လက်ခံမှာ မဟုတ်ပါဘူး။သင့်သူဌေးက လက်ခံရင်တောင် အခြားသော ရှယ်ယာရှင်တွေက လက်ခံကြမှာ မဟုတ်ပါဘူး။သင်ဟာ corporate မှာ လုပ်နေတဲ့ သူဆိုရင် သင့်အလုပ်ပေါ်မှာ စိတ်ကျေနပ်မှု မရှိနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်တော့ သင်ဟာ အဖွဲ့အစည်းကြီး တစ်ခုရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ဖြစ်လို့ ဖြစ်ပါတယ်။ကိုယ့်ရဲ့ စွမ်းဆောင်မှုကြောင့် ကိုယ့် လုပ်ငန်းပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ရှိစေချင်တဲ့ သူအတွက်ကတော့ ဝမ်းနည်းစရာ ဖြစ်ပါတယ်။Corporate company တွေမှာ ရာထူးတိုးဖို့ဆိုတာ မလွယ်ကူပါဘူး။တကယ့်၍ သင်ရာထူးတိုးသင့်တဲ့အချိန်မှာ သင့်ထက် ထိုရာထူးနှင့် ပိုသင့်တော်တဲ့သူ ရောက်လာခဲ့ရင် သင်ရာထူးတိုးဖို့ ခက်ခဲ သွားနိုင်ပါတယ်။.

BIM Group of Companies



BIM Group believes that transforming Myanmar is only possible by starting with upskilling the people, building trust in the business processes and investing in the technology aligning with the business strategy and aspirations to become successful.​ We are a leader in providing innovation digital and technology solutions to businesses in Myanmar.