လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ?

Create By:Admin  created on:16-07-2020

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ? ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါတို့ ဒေါသဖြစ်တဲ့အခါတို့ဆိုရင် အော်ဟစ်တာတို့ တစ်ယောက်တည်း သီးသန့်နေနေတာတို့ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်မှာ အဲ့ဒီလိုမျိုးပြုမူရင်တော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းကိုကော ဆက်ဆံရေးပိုင်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ အခက်မသင့်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။အလုပ်မှာ စိတ်ဖိစီးမှုဖြစ်တယ် ဒေါသဖြစ်တယ်ဆိုတာမျိုးက ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အရာပါပဲ။ မနေ့သစ်က သူငယ်ချင်းတို့ကို အလုပ်မှာ စိတ်တိုတာတို့ စိတ်ဖိစီးမှုများတာတို့ဖြစ်ရင် လုပ်ဆောင်နိုင်တဲ့နည်းလေးကို ပြောပြပေးမယ်နော်။ (၁) အခြေအနေကနေ ခဏဖယ်ရှားမယ် ကိုယ်က စိတ်တိုလာပြီလို့ခံစားမိလိုက်ရင် လက်ရှိဖြစ်နေတဲ့ အခြေအနေကနေ ခဏနားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အေးအောင်လုပ်လိုက်ပါ။ ဒါပေမယ့် စိတ်တိုတိုနဲ့ ထထွက်သွားတာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ်က အေးအေးဆေးဆေးပြောတာဖြစ်ဖြစ် အသက်ပြင်းပြင်းရှူပြီး စိတ်လျော့တာဖြစ်ဖြစ်လုပ်လိုက်ပါ။ ဒေါသအလျောက်လုပ်လိုက်ပြောဆိုလိုက်တယ်ဆိုရင် ကိုယ့်အတွက်မကောင်းဖြစ်သွားနိုင်တဲ့အတွက် ဒေါသဖြစ်နေတဲ့ အချိန်မှာ ဆုံးဖြတ်ချက်ချတာမျိုးမလုပ်ပဲ လက်ရှိအခြေအနေကနေ ခဏဖယ်ရှားပြီး စိတ်အေးအေးစဉ်းစားသင့်ပါတယ်။ (၂) အဲ့ဒီအရာနဲ့ ပတ်သတ်ပြီး စိတ်ကို ခဏဖြေဖျောက်ထားလိုက်ပါ ဒေါသဖြစ်တဲ့အခါမှာ ဘာကိုမှ သေချာမစဉ်းစားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ဒေါသဖြစ်တဲ့အခါမှာ ဘာကိုမှမပြောခင် စိတ်အရင်ငြိမ်အောင်ထားသင့်ပါတယ်။ ကိုယ်က စိတ်ငြိမ်အောင်မလုပ်ပဲ ဒေါသအလျောက်ပြောမိရင် တခြားသူကို အပြစ်ပြောမိတာမျိုး စိတ်ထိခိုက်အောင်ပြောမိတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဒေါသတွေကို အေးသွားအောင်ပြုလုပ်လိုက်ရင် ပိုပြီး အဆင်ပြေပြေနဲ့ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှူပြီး လမ်းလျှောက်ထွက်လိုက်တာတို့ ဟာသရုပ်ရှင်ကြည့်တာတို့ တရားထိုင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ အစရှိတာမျိုးလေးတွေလုပ်ပြီး စိတ်အပြောင်းအလဲဖြစ်အောင်လုပ်လိုက်ပါ။ ကိုယ်က စိတ်အေးသွားပြီဆိုတော့မှ ကိုယ်ဒေါသဖြစ်ရတဲ့ ကိစ္စကို ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီလိုစဉ်းစားတဲ့အခါမှာလည်း တခြားသူရဲ့ အမြင်ဘက်ကနေပါ စဉ်းစားသင့်ပါတယ်။ (၃) “လုံးဝ” တို့ “အမြဲတမ်း” တို့ အစရှိတဲ့ စာလုံးတွေကို ရှောင်ရှားပါ နည်းလမ်းကျတဲ့ ဆုံးဖြတ်ချက်တွေချဖို့အတွက်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို သေချာစိစစ်ဖို့လိုအပ်ပါတယ်။ ဒေါသအတွေးတွေက လွန်လွန်ကဲကဲတွေးခေါ်တာမျိုးတွေနဲ့ ခံစားချက်ပြင်းထန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်က အမြဲတမ်းလွဲမှားနေတယ်တို့ ဘယ်တော့မှ အလုပ်မဖြစ်ဘူးဆိုတာမျိုးတွေ တွေးမိတတ်ပါတယ်။ ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့အဆုံးသတ်မဟုတ်သေးပါဘူး။ ကိုယ်က ဒေါသကို ထိန်းချုပ်လိုက်ပြီး သေချာစဉ်းစားပြီးဆုံးဖြတ်ချက်တွေချရင် အဆင်ပြေသွားပါလိမ့်မယ်။ (၄) တခြားသူတွေရဲ့ ခံစားချက်နဲ့ အတွေးအခေါ်တွေကို နားလည်ပါ တစ်ခါတစ်လေကျရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်တိုပြီး စကားများတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမျိုးမှာ သူတို့တွေက ကိုယ့်ကို စိတ်တိုအောင်တမင်လုပ်တယ်လို့လည်း ထင်တတ်ပါတယ်။ လူတိုင်းက မကောင်းတဲ့စိတ်နဲ့ ပြောဆိုဆက်ဆံတာတော့မဟုတ်ပေမယ့် ကိုယ်တွေက မရည်ရွယ်ပဲ ဒေါသနဲ့ ပြောလိုက်တဲ့ စကားတွေက တစ်ဖက်လူကို ထိခိုက်နာကျင်သွားစေတတ်ပါတယ်။ ကိုယ်ဒေါသထွက်နေတဲ့သူက ကိုယ့်ကို တမင်ထိခိုက်နာကျင်အောင်လုပ်တာမျိုးမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ (၅) ကိုယ့်ရဲ့ စိတ်ရှုပ်ထွေးမှုတွေကို တခြားသူကို အပြစ်မတင်ပဲ ဆွေးနွေးပါ ဆက်ဆံရေးတွေမှာ ပြဿနာဖြစ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနည်းကတော့ အကောင်းမြင်ပြီး တခြားသူတွေကို အပြစ်မတင်တာမျိုးပါပဲ။ ကိုယ့်ရဲ့ အထင်အမြင်နဲ့ လိုအပ်ချက်တွေကို ဆွေးနွေးပါ။ ကိုယ်က ဘယ်လိုကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးနေရတာလဲ၊ ဒီအရာကို ဘာလို့လိုအပ်တာလဲအစရှိတာကို အေးအေးဆေးဆေးနဲ့ သေသေချာချာပြောဆိုဆွေးနွေးသင့်ပါတယ်။ (၆) တစ်ဖက်လူကို နားလည်နိုင်အောင်ကြိုးစားပါ လူတွေက စိတ်တို ဒေါသထွက်လာတဲ့အခါကျရင် ကိုယ့်အတွက်ကိုယ်ပဲ တွေးလာတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ဘက်ကမှန်ကြောင်းပြလို့ရမယ့်သက်သေတွေနဲ့ တစ်ဖက်လူက မှားနေကြောင်းပြောလို့ရမယ့် သက်သေတွေကိုပဲ စဉ်းစားလာတတ်ပါတယ်။ ကိုယ်ကသာ ပြဿနာတစ်ခုကို မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းချင်တယ်ဆိုရင်တော့ အဲ့ဒီအတွေးတွေကို ဖယ်ရှားလိုက်ပါ။အရင်ဦးဆုံး ကိုယ့် စိတ်ရှုပ်ထွေးရတဲ့အကြောင်း ဒေါသထွက်ရတဲ့အကြောင်းကို အေးအေးဆေးဆေးပြောလိုက်ပါ။ ပြီးတော့မှ တစ်ဖက်လူကို သူတို့ အဲ့ဒီလို ပြုမူပြောဆိုရတဲ့ အကြောင်းအရင်းကို မေးလိုက်ပါ။နားလည်မှုလွဲတာတွေ အချင်းချင်းမကြည်မလင်ဖြစ်တာတွေကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အချင်းချင်း အေးအေးဆေးဆေးနဲ့ ပြောဆိုဆက်ဆံပြီး အပြန်အလှန် ခံစားချက်တွေကို နားလည်ပေးတာပဲဖြစ်ပါတယ် New Day Jobs ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှ အလုပ်အကိုင်များကို တစ်နေရာတည်းမှာ ရှာဖွေ လျှောက်ထားနိုင်တဲ့ Website ဖြစ်ပါတယ်။အလုပ်အကိုင်များကို New Day Jobs မှာရှာဖွေနိုင်ပါတယ်။.

BIM Group of Companies



BIM Group believes that transforming Myanmar is only possible by starting with upskilling the people, building trust in the business processes and investing in the technology aligning with the business strategy and aspirations to become successful.​ We are a leader in providing innovation digital and technology solutions to businesses in Myanmar.